Friday, December 2, 2011

နတ်မိမယ်နှင့် အတိတ်သို့ ပြန်လည်သွားရောက်ခြင်း

သူငယ်ချင်းတွေ အတွက် ပထမဆုံး အဖြစ် တင်ပေးမယ့် သင်ခန်းစာကတော့ ဓါတ်ပုံအသစ်ကို ဟိုးအရင်ခောတ်က ဓါတ်ပုံအဟောင်း အဖြစ် ပြုပြင်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာက လွယ်ကူသဖြင့် ဖိုတိုရှော့ကို ယခုမှ စတင် အသုံးပြုသူများပင် ပြောင်းလဲတတ်မှာဖြစ်ပါတယ်။ ကဲ သင်ခန်းစာကို စတင်လိုက်ကြပါစို့လား။

အဆင့် (1)

ပြုပြင်လိုသည့် ဓါတ်ပုံကို ဖိုတိုရှော့ထဲမှာ ဖွင့်လိုက်ပါ။ ထို့နောက် Menu မှ Image > Image size ကိုရွေးပေးပါ။ ပြီးတဲ့နောက် width ကို 1000 px နှင့် height ကို 750 px ပြောင်းပေးပါ။ မိမိ ကြိုက်နှစ်သက်ရာ စကေးကိုလည်း ပြောင်းပေးနိုင်ပါတယ်။

အဆင့် (2)

ပုံကို Noise effect လို့ခေါ်တဲ့ ဓါတ်ပုံပေါ်မှာ အရင်ခောတ် အခါက ဓါတ်ပုံသားများ မညီမညာကဲ့သို့ ဖြစ်စေရန် အတွက် ပထမဦးစွာ CTRL+ j ဖြင့် Layer အသစ် ဖန်တီးပေးပါ။ ပြီးနောက် foreground နှင့် background အရောင်များကို အဖြူအမည်းသာ ဖြစ်စေလိုသည့်အတွက် D key ကို နှိပ်ပေးပါ။ ထို့နောက် Menu မှ Filter > Render > Clouds ကို ရွေးပေးပါ။

အဆင့် (3)

ယခုအခါမှာတော့ Filter > Noise > Add Noise ကိုရွေးပေးပြီး အောက်ပါပုံထဲမှ အတိုင်း ပြုပြင်ပေးပါ။

အဆင့် (၄)

ထို့နောက် Layer mode တွင် လက်ရှိ Layer အတွက် Soft Light ကိုရွေးထားပေးပါ။ အခုဆိုရင်ပဲ လက်ရှိပုံဟာ အနည်းငယ် မှုန်ဝါးဝါးနဲ့ ရှိနေပြီ ဖြစ်မှာပါ။

အဆင့် (5)

ယခု ဆိုရင်တော့ ပုံရဲ့ အရောင်ကို ပြုပြင်လိုသည့်အတွက် Layer အသစ် ထပ်မံရယူပေးပါဦး။ ပြီးနောက် foreground color မှာ #e6e1cc လို့ရိုက်ထည့်ပေးပြီး အရောင်ကို ရွေးထားပေးပါ။

အဆင့် (6)

ပြီးသွားပြီ ဆိုရင်တော့ Layer mode မှာ Color ကိုရွေးပေးလိုက်ပါက ကာလာဓါတ်ပုံဟာ အဖြူအမည်း ဓါတ်ပုံ အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အဆင့် (7)

ထို့နောက် ယခု နောက်ဆုံး Layer ကိုပဲ ရွေးထားစဉ်မှာ Layer > New Adjustment Layer > Levels: ကို ရွေးပေးပါ။ ပြီးနောက် ပေါ်လာသည့် Dialog box မှာ Ok လို့ရွေးပေးပြီး အောက်ပါအတိုင်း ပြုပြင်ပေးပါ။

အဆင့် (၈)

ဓါတ်ပုံပေါ်မှာ ဟိုးအရင်က ပုံဟောင်းတွေလို ခြစ်ရာကလေးများ ပါစေချင်သေးတဲ့အတွက် Layer အသစ် တစ်ခု လုပ်ထားလိုက်ပါအုံးနော်။ ပြီးနောက် Foreground နဲ့ background ကာလာများကို အဖြူအမည်းသာ ဖြစ်စေလိုတဲ့အတွက် D key ကိုနှိပ်လိုက်ပါ။ နောက်ပြီး Filter > Render > Clouds ကို ထပ်ရွေးပေးပါအုံး။

အဆင့် (၉)

နောက်ထပ်လည်း Filter > Render > Fibers ကိုရွေးပြီး Variance မှာ 17 နဲ့ Strength မှာ 15 ထည့်ပေးပါနော်။Link

အဆင့် (၁၀)

ဒီအဆင့်မှာတော့ Image > Adjustments > Threshold သို့ သွားပြီး အောက်က ပုံထဲကို ပြုပြင်လိုက်ပါဦးနော်။

အဆင့် (11)

အလင်းအမှောင် ပြုပြင်ချင်သေးသည့်အတွက် Image > Adjustments > Levels ကိုသွားကာ ပုံထဲကလို ပြောင်းပေးပါအုံး။

အဆင့် (12)

ပြီးသွားရင်တော့ ပုံကို အနည်းငယ် မှုန်ဝါးစေလိုသည့်အတွက် Filter > Blur > Blur More ကိုရွေးပါ။

အဆင့် (13)

လက်ရှိ layer ရဲ့ layer mode မှာ Soft Light ကိုရွေးပြီး သွားတဲ့အခါ ပုံရဲ့ပြောင်းလဲလာမှုကို သင် တွေ့မြင်နေရမှာပါ။

အဆင့် (14)

ထို layer ရဲ့ Opacity မှာ 70% ထားပေးထားပါ။

ဒါက မပြုပြင်ရသေးတဲ့ မူလ ပုံပါ။

ဒါကတော့ ပြောင်းလဲသွားတဲ့ပုံပါ။

ကဲ ဒါဆိုရင်တော့ ကာလာဓါတ်ပုံတစ်ပုံဟာ အရင်ခောတ်က ရှေးဟောင်းပုံတစ်ပုံဖြစ်သွားပြီပေါ့။ သင်ရော ကျေနပ်ရဲ့လား။ ဒီသင်ခန်းစာကို နှစ်သက်ရဲ့လား။ နတ်မိမယ်လို့ ကျွန်မ တင်စားထားတဲ့ ဖိုတိုရှော့ရဲ့ အစွမ်းအချို့ကို တွေ့မြင်ရလို့ သူငယ်ချင်းတို့လည်း ပျော်ရွှင်မိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မက ဒီသင်ခန်းစာရဲ့ မူရင်းပို့စ် ကိုလည်း လေ့လာချင်သူတွေအတွက် လင့်ခ်ချိတ်ပေးလိုက်ပါတယ်။ အမှားအယွင်း နှင့် အဆင်မပြေ မှုတစ်စုံတစ်ရာ ပါရှိခဲ့ပါရင်လည်း ကျွန်မရဲ့ ညံ့ဖျင်း မှုသာ ဖြစ်တယ် လို့ ပြောရင်း နောက် သင်ခန်း စာလေးကို စောင့်ပေးကြ ပါအုံးနော်။

ခင်မင်လျှက်

မေသောကြာ

(30.6.2011)

11:30 pm

Myanmar IT Blog

No comments:

Post a Comment