Tuesday, July 1, 2014

ပုံတူဖွဲ့တဲ့ ကဗျာ

သခင်.......
ရီပါ၊ ပြုံးပါ၊ ဟားတိုက်ပါ။
သို့သော်ငြား
အခိုက်အတန့် ခဏလောက်
နှလုံးသား တံခါးကို ဖွင့်၍
ငြိမ်သက်စွာ နေပေးပါ။


သခင်......
ရုတ်ချည်း တွေ့ဆုံ
ရုတ်ချည်း ခွဲခွာ
ရုတ်ချည်း တည်ရှိ
ရုတ်ချည်း ပျောက်ကွယ်
ဘ၀ဆိုတာ လေလို တိမ်လို
ပျောက်ကွယ်လွယ်ကြောင်း လက်ခံပါ။

သခင်.......
ကျက်မှတ်လေ့လာခဲ့ဖူးသော
ပင်ငယ် မျိုးစေ့ကလေးများ၏ အကြောင်းပမာ
ချစ်ခြင်းတရားသည်ကား
ပွင့်လွယ် ဖူးလွယ် ကြွေနွမ်းလွယ်ကြောင်း
တထစ်ချ ယုံကြည်ပါ။

သခင်......
ချစ်ခြင်းသည်ကား
ဆွတ်ပျံ့ဖွယ် မွှေးရနံ့ရှိကြောင်း မှတ်သားပါ။
တစ်ခါတစ်ရံ ပုံသဏ္ဍာန်ရှိ၍
တစ်ခါတစ်ရံ အခိုးအငွေ့ ဖြစ်ကြောင်း
တေးမှတ်ထားပါ။

သခင်......
လူကို အရိပ်ကဲ့သို့ ဖြစ်စေတတ်သော
လူကို ရဲဝင့်တက်ကြွ စေတတ်သော
လူကို သိမ်ငယ် နှိမ့်ချ မိစေတတ်သော
လူကို နူးညံ့စေတတ်သော
စသည့် အမျိုးမျိုး တန်ခိုး စွမ်းပကားများ
ချစ်ခြင်းတရားတွင် ရှိကြောင်း သိသည့်အခါ
လှိုက်လှဲစွာ ပြုံးပါ။
သိရှိကြောင်း ၀န်ခံပါ။

သခင်......
ငိုပါ၊ ရှိုက်ပါ၊ အခိုက်အတန့် တစ်ခုအထိ လွမ်းဆွေးပါ။
အဘယ်ကြောင့်ဆိုသော်
ချစ်ခြင်းတရားကို ပိုင်ဆိုင်ကြောင်း
သိရှိရချိန်မှာ
သူက သခင်နှင့်ဝေးရာ
ရောက်ရှိနှင့်နေပြီမို့ပါ။

မေသောကြာ
7:06
23.6.13
Myanmar IT Blog

1 comment:

  1. Sands Casino | Slots, Video Poker, & More - Seattle
    Located in downtown 메리트 카지노 고객센터 Seattle, Sands Casino offers a variety of gaming septcasino games, such as blackjack, craps, 바카라 사이트 baccarat and more. Located in the heart of

    ReplyDelete