Friday, December 2, 2011

အထူး ဂါထာ

နင် ၀င်လာသည့် အချိန်မှစ

ငါ ဆင်းရဲလိမ့်မည်။

နုံချာလိမ့်မည်။

ကဲ့ရဲ့ခံရမည်။

လူတော မတိုးဖြစ်လိမ့်မည်။

ငါ ဖြစ်ချင်တာက

အောင်မြင်တဲ့လူသား

ထူးချွန်တဲ့လူသား

ကောင်းမွန်တဲ့လူသား

ဒါကြောင့်မို့

အပျင်း ဆိုတဲ့စိတ်ထား

နင် ခပ်ဝေးဝေးကိုသွား

ငါနဲ့ အဝေးဆုံးကိုသွား

မေသောကြာ

( 7.6.11 )

Myanmar IT Blog

No comments:

Post a Comment