Friday, March 8, 2013

ဝဋ်ကြွေး


မနေ့တစ်နေ့ကလိုပဲ
ရယ်သံကလေး
ပီပီပြင်ပြင် လွင့်နေဆဲ...

ဒါမလုပ်နဲ့ ဒီလိုမနေနဲ့
ဟုတ်ကဲ့ မနာခံသော်ငြား
အမှတ်အတေး ကတော့ ရှိသေးတယ်...


သတိရတယ် မဟုတ်
လွမ်းတယ် မဆိုသော်ငြား
တစ်ခါတစ်ရံတော့ တွေးမိရုံနဲ့
မျက်ရည်ဝဲတယ်.....

မဆုံတဲ့အမှတ်ဆီကို
စိတ်ကလေး ပြေးပြေးပြီး
သူ့အရိပ်ကို ရှာကြည့်သေးတယ်....

အပြင်က လ
ရင်ထဲက နွေ
ဒီဘ၀ ကံမကုန်သေးလို့
ပြန်မဆုံသေးသရွေ့တော့
ပိတ်ထားတဲ့ ဖုန်းကလေးပဲ
ဘယ်ဘယ်ခြမ်းက အနာကလေး
တစ်စစ်စစ် နာနေလျက်က
ထပ်ထပ်ခေါ်မိနေအုံးမယ် ထင်တယ်...........

10:35 pm
7.3.13
(မေသောကြာ)
Myanmar IT Blog

No comments:

Post a Comment