Tuesday, July 24, 2012

လေဘာတီ ဖြစ်ပုံ



ငွေအသပြာ ရွှေဒင်္ဂါးရယ်နဲ့
ထမီ အနားသတ် တစ်ချက် အခက်မှာ
သလုံးသား ပေါ်စေရယ်လို့
စေခိုင်းသူ လူ့အန္ဓတွေလည်း
လေဘာတီ အမေမြရင် လက်ထက်
ရှိ.... ရှိခဲ့ဖူးသတဲ့။။။

မျိုးဂုဏ်ရည် ဇာတိသွေး ပြင်းထန်တော့
ဒီထမီ အနားသတ်
အချက် အချက် ခတ်တိုင်းမှာ
ယဉ်ကျေးမှု အနုပညာသာ
လှစ်ဟလို့ ပြသတဲ့။။။။



ခေတ်အခြေ ရွေ့ကာပြောင်းလေတော့
သုညကလေး ကိန်းဂဏန်း အနောက်တိုးရုံဖြင့်
ရှုမြင်မတင့် ဇာတ်လမ်းအဖုံဖုံကို
ပျိုကညာ မဒီ မယ်မင်းသမီးတွေက
အနုပညာ အသွင်သဏ္ဍာန်ထင်လို့
လွတ်လပ်စွာ အင်တာနက်မှာ
ကပြလို့ အသုံးတော်ခံသတဲ့။။။

ပုရိသ ထိုထို အပေါင်းမှာ
မမြင်ဖွယ် ဒီအဆင်းစုကို
မမြင်ဟန် ပြုရပုံကို
သေရွာက တဖန်ပြန်ထလို့
လေဘာတီ မြင်ရမယ်ဆို
စိတ်ဘ၀င် ငြှိုးကာနွမ်းလို့
အမယ်မင်း အစချီကာ
ငိုချင်းတွေ တွင်တွင်ချရရင်းနဲ့
သေတွင်းနဲ့ လူ့ပြည်ရွာကို
အကြိမ်ကြိမ် လူးလွန့်။။။။။

မေသောကြာ
၂၃.၇.၁၂
Myanmar IT Blog

No comments:

Post a Comment