Tuesday, July 8, 2014

ပေးမဖတ်ဖြစ်ခဲ့တဲ့စာ

သတိရခြင်းက အတိုင်းအဆမဲ့
လိပ်ပြာလေးလို လွင့်လိုက်
မြူမှုန်လေးလို ဝေ့လိုက်
ရွက်ကြွေတစ်စလို ကြွေကျလိုက်
အမှန်တရားဆိုတာ ဘာလဲလို့မေးတိုင်း
ငါခေါင်းငုံ့ထားတယ်
ဒီအမှန်တရားကို ဖြေရင်ရော
နင်မနှစ်သက်ဘူးမဟုတ်လား ဒီဇင်ဘာ။


တစ်ဖက်သတ်ပါဟာ
တစ်ဖက်တည်းကိုပဲ ရက်ရက်စက်စက်
သတ်တာပါ။
စိတ်နှလုံးက နာလို့ ကျင်လို့ ကြေကွဲလို့
ကြိုးတစ်ချက်ဆွဲတိုင်း ကရတာ
ရုပ်ခန္ဓာ မနာကျင်ပေမယ့်
ရင်နာရတာ နင်သိမလား ဒီဇင်ဘာ။

ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည် ဖြစ်စေ
နာဖျားသည် ဖြစ်စေ ကျန်းမာသည် ဖြစ်စေ….
စိတ်ကူးထဲ နင့်လက်ဖ၀ါးလေးကိုင်ပြီး
ခဏခဏ ရွတ်ဖူးတယ်
ဂါဝန်အဖြူလေးဝတ်ထားတယ်
နှင်းဆီပန်းအနံ့ကို ရတယ်
နင်ကလည်း ပြုံးနေတယ်
ပြီးတော့
စိတ်ကူးအဆုံးမှာ ငါမျက်ရည်လည်း ကျဖူးတယ်။

တိုးတိုးလေး ရှိုက်ပြီး တိတ်တိတ်လေး ငိုခဲ့တာ
အစကတည်းက နင်မသိစေဖို့ပဲ ရည်ရွယ်ခဲ့တာပါ ဒီဇင်ဘာ။

မေသောကြာ
(၁၈.၆.၂၀၁၄)
ည ၁၀း၃၈ မိနစ်
Myanmar IT Blog

No comments:

Post a Comment