Friday, December 16, 2011

ခြစား သွားသည့် အိပ်မက်

ပြိုးပြိုး ပြက်ပြက် လက်နေတာ
ဒီကြယ်တွေ လှောင်ရီနေကြတာလား။

မီးမှိတ်လို့ မှောင်သွားတာကရော
ဘာလဲ လူကို ဇွတ်အတင်း
အိပ်ခိုင်းနေတာလား။

မျက်စိကို မှိတ်လိုက်တိုင်း
အရိပ်တွေ ခပ်ဝါးဝါး
ပြေးဖြတ်သွားကြတယ်……………………

တစ်ချို့က ငိုနေတယ်
တစ်ချို့က ရယ်နေတယ်
ဘယ်သူသေသေ ငတေမာရင် ပြီးရော
စိတ်ထားတွေနဲ့
လူတွေ ငတေဖြစ်လိုက်
သေသူ ဖြစ်လိုက်နဲ့

ဒါဆို ငါရော ဘယ်နေရာမှာလဲ…………….
ထပ်တလဲလဲ ပြန်တွေးရင်းနဲ့

ခေါင်းရင်းက စာအုပ်
ဒီအတိုင်း ဖုန်တင်ခံဖို့လား………………..
ဘီရိုထဲက အနက်ရောင် ပိတ်စ ကလေးရော
ဒီအတိုင်း သိမ်းထားရုံလား………………
မထူးတဲ့ ဘ၀မို့
အားလုံး နေသားတကျနဲ့
စာအုပ်လဲ ဆက်ပြီးတော့သာ
ဖုန်ဆက်တက်……………
ပိတ်စကလေးလဲ
ဆက်ပြီးတော့သာ
ခေါက်သိမ်းထားလိုက်…………..

အားလုံး အားလုံးသော
အခြေအနေများလည်း
ခုအတိုင်းသာ ခရီးဆက်သွားလိုက်………………

မေသောကြာ
16.12.2011
Myanmar IT Blog

No comments:

Post a Comment