အင်တာဗျူးဆိုတော့ ကိုယ်ကခပ်စောစောလေးသွားလိုက်တယ်။ နောက်ကျမှာ ကြောက်တဲ့လူဆိုတော့ ချိန်းထားတာထက်တောင် နာရီဝက် စောလို့ ရောက်သွားပါသေးတယ်။ ထမင်းစားချိန် အင်တာဗျူးဆိုတော့ ထမင်းတော့ စားမသွားမိဘူးပေါ့။ အင်တာဗျူးမဖြေခင် မစားတတ်တာ လည်းပါပါတယ်။ အဲဒီရောက်ပြီး စောင့်တာတော်တော်လေး ကြာတော့ ဗျူးခံရမယ့်သူတွေလည်း စုံသလောက်ရှိလို့လာပါတယ်။ အဲဒီအချိန်ထိ ဗျူးမယ့်သူဆိုတာ ပေါ်မလာသေးပါဘူး။ 11 နာရီတောင် ခွဲပြီးလို့ 15 မိနစ်တောင် ယွန်းစပြုနေပါပြီ။ ဗိုက်ထဲက အစာအိမ်ကလည်း အချက်ပေးစ ပြုလို့လာပါတယ်။ ထပြန်ချင်ပေမယ့်လည်း ရောက်လက်စမို့ ဆက်ပြီးစောင့်လိုက်တာ 1 နာရီခွဲမှ ရောက်လာပါတော့တယ်။
ဗျူးပြန်တော့လည်း မဆီမဆိုင်တွေမေးတယ်။ ဆိုင်တာမေးပြန်တော့လည်း ကြည့်ကြပါအုံး။ သူ့မှာ ရုံးခွဲဘယ်လောက်ရှိလဲတဲ့။ မဖြေနိုင်တော့ ကျွန်မ အပြစ်ဆိုတာ သိပါတယ်။ ကိုယ်လျှောက်မယ့်အလုပ်ရဲ့ သက်ဆိုင်ရာကို မလေ့လာထားမိဘူးဆိုတာ။ ဒါပေမဲ့ သူ့က အဲဒါနဲ့ မပြီးဘဲ။ မှတ်ထားတဲ့ အလုပ်တစ်ခုကို လျှောက်ရင် သက်ဆိုင်ရာတွေကို လေ့လာထားတဲ့။ ကျွန်မလည်းနှုတ်ကနေ ဘာမှပြန်မပြောလိုက်ပါဘူး။ ဒါပေမဲ့ စိတ်ထဲကတော့ တစ်ခွန်းပြန်ပြောလိုက်ပါတယ်။ အဲဒါကတော့
' ကျွန်မက ရှင့်ရဲ့ ရုံးခွဲလိပ်စာ မသိတာ အပြစ်မရှိပေမယ့် လူပေါင်း 20ကျော်ရဲ့ အစားထိုးမရတဲ့ အဖိုးတန် အချိန်တွေကို ဖြုန်းတတ်တဲ့ အကျင့်ကို သာ အရင်ဖျောက်လိုက်အုံး' လို့။
No comments:
Post a Comment